အသားအရေလေးကို ဝင်းမွတ်ပြီး glow နေချင်တယ်ဆိုရင် ရေမှန်မှန်ချိုးရုံတင်မကဘဲ body care ကိုလည်း မှန်ကန်တဲ့ routine နဲ့အတူ ဂရုတစိုက်လုပ်ပေးဖို့ မေ့မထားသင့်ပါဘူး ... ဒါဆို မှန်ကန်တဲ့ body care ဆိုတာ ဘယ်လိုမျိုးလဲသိရအောင် step by step မျှဝေပေးသွားမယ်နော် !
(1) Cleanse
Body wash တွေကတော့ body care routine ရဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး step ဖြစ်တာကြောင့် အသားအရေကို ထိခိုက်မှုမရှိစေဘဲ စိတ်ချရတဲ့ quality ကို ရွေးချယ်သင့်ပါတယ်။ Bath sponge လေးတွေ သုံးပေးရင်တော့ အမြုပ်ထွက်အားပိုကောင်းစေပါတယ်
(2) Exfoliate
အသားအရောင်မညီတာတွေနဲ့ ဒူးမဲတံတောင်မဲစတာတွေကို မှေးမှိန်စေဖို့ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်တော့ exfoliate လုပ်ပေးဖို့ လိုပါတယ်။ Skin barrier မပျကိစီးစေဖို့ texture နူးညံ့တဲ့ scrub လေးနဲ့ ဒူး၊ တံတောင်၊ ဖနောင့်စတဲ့နေရာတွေကို စက်ဝိုင်းသဏ္ဌာန် ပွတ်တိုက်ပေးမယ်ဆိုရင် အချိန်တိုအတွင်းမှာတင် အသားအရေက သိိသိသာသာချောမွေ့ဝင်းပလာမှာပါ
On: The Body ရဲ့ Scrub Body Cleanser series လေးမှာ ပါဝင်တဲ့ hyaluronic acid က ရေဓာတ်လုံလောက်စွာဖြည့်ပေးတဲ့အပြင် texture နူးညံ့တဲ့ hypoallergenic product ဖြစ်တာကြောင့် sensitive skin ပိုင်ရှင်တွေပါ နေ့စဥ်အသုံးပြုနိုင်ပါတယ်။
(3) Moisturize
Exfoliate လုပ်ထားတဲ့ skin လေးကို baby skin လေးလို နူးညံ့သွားစေဖို့ ရေဓာတ်ဖြည့်ပေးတဲ့ body lotion, serum စတာတွေကို မဖြစ်မနေသုံးပေးရပါမယ်။ Skin care product တွေသုံးတဲ့အခါ ကျဲရာကပျစ်ဆိုတဲ့ method ကို သုံးရတာမို့ serum အရင်လိမ်းပြီး စိမ့်ဝင်လောက်တဲ့အချိန်မှ lotion ကို စိတ်ရှည်ရှည်ထားပြီး လိမ်းပေးနော် ... Exfoliate လုပ်ထားတဲ့နေ့တွေမှာ whitening ပါတဲ့ body lotion တွေကိုတော့ ရှောင်ပေးဖို့ မမေ့ပါနဲ့
(4) Protect
သေချာဂရုစိုက်ထားရတဲ့ အသားအရေလေးကို နေလောင်သွားလို့ ဘယ်ဖြစ်မလဲ ... နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ဖို့ နေ့ဘက်တွေအပြင်ထွက်တဲ့အခါ SPF ပါတဲ့ body lotion လိမ်းသွားဖို့လည်း သတိရဦးနော် ...